Skip to product information
1 of 1

နွေးထွေးကြင်နာတဲ့ ကော်ဖီတစ်ခွက်

နွေးထွေးကြင်နာတဲ့ ကော်ဖီတစ်ခွက်

Regular price $9.99 USD
Regular price Sale price $9.99 USD
Sale Sold out

လူ့ဘဝရဲ့ တန်ဖိုးရှိတဲ့ ဥစ္စာပစ္စည်းဆိုတာ လူငယ်တွေကို ဘဝရဲ့ပျော်ရွှင်ခြင်းတွေ ခံစားသိရှိစေပြီး အဲ့ဒီလို ခံစားသိရှိနိုင်ဖို့ အခွင့်အရေးတွေ ပေးတာပဲဖြစ်တယ်။ ပြီးတော့ သူတို့ဝါသနာပါရာ၊ သူတို့နှစ်သက်ရာတွေကို လုပ်ကိုင်စေပြီး ပျော်ရွှင်ခြင်းကို တိုးမြှင့်ပေးတာဖြစ်တယ်။ ရှုံးနိမ့်သွားတာ၊ အောင်မြင်သွားတာက အဓိကမကျဘူး၊ အဓိကကျတာက ပျော်ရွှင်တဲ့စိတ် မွေးမြူနိုင်ဖို့နဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ လုပ်ရဲကိုင်ရဲတဲ့သတ္တိနဲ့ အကောင်းမြင်စိတ်ရှိဖို့ ဖြစ်တယ်။ ကြီးမားတဲ့အောင်မြင်မှုကို ရယူဖို့ များများတွေးတောရတယ်။ တွေးတောမှုထဲကနေ ဖန်တီးမှုတွေကို ဖြစ်စေတယ်ဆိုတာပဲဖြစ်ပါတယ်။
(ချမ်းသာကြွယ်ဝမှုနောက်တစ်မျိုး မှ -)

– လူ့ဘဝက အမြဲဖြောင့်ဖြူးချောမွတ်နေမှာ မဟုတ်ပါဘူး။ နေရောင်ရတဲ့အချိန်ခါလည်း ရှိသလို လေပြင်းမုန်တိုင်း တိုက်ခတ်ချိန်လည်း ရှိပါတယ်။ လူတချို့က ဆင်းရဲဒုက္ခရှေ့မှာ ဒူးထောက်လက်မြှောက်ကြတယ်။ ဆင်းရဲဒုက္ခအခက်အခဲက သူတို့အတွက် ဆူးညောင့်ခလုတ်ဖြစ်ခဲ့ပြီး တော်ရုံ ရုန်းမထနိုင်ခဲ့ကြတော့ တစ်သက်တာ သူတို့ရဲ့ ညည်းတွားရာအရာ ဖြစ်ခဲ့တယ်။

– တချို့ကတော့ ဆင်းရဲဒုက္ခတွေနဲ့ ထိုးနှက်ချက်ကို ကြံ့ကြံ့ခံ ထရပ်နိုင်ခဲ့တယ်။ အခက်အခဲကြားကနေ ဘဝရဲ့တန်ဖိုးကို ရှာဖွေနိုင်ခဲ့ကြတယ်။ အခွင့်အရေးကို တွေ့ခဲ့ကြတယ်။ ဆင်းရဲဒုက္ခက သူတို့အတွက် ရှေ့ဆက်မယ့်မောင်းနှင်အား ဖြစ်ခဲ့တယ်။

– ဘဝက သင့်ကို မသန်စွမ်းတဲ့လက်တစ်စုံပေးရင်လည်း ပေးနိုင်တယ်။ ဒါပေမယ့် နှလုံးသားထဲမှာ စိတ်ကူးအိပ်မက်ရှိရင် သင်လည်းပဲ သင့်စိတ်ကူးအိပ်မက်ကို အောင်အောင်မြင်မြင် ပျံသန်းစေနိုင်ပါတယ်။
(ရွဲ့စောင်းနေတဲ့ အတောင်ပံ မှ -)

ဒီစာအုပ်လေးထဲမှာတော့ နှလုံးသားကို နွေးထွေးလုံခြုံစေမယ့် စိတ်အာဟာရဖြည့် စာစု အပုဒ်(၃၀) ပါဝင်တာကြောင့် အေးအေးငြိမ့်ငြိမ့် ဖတ်ရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

View full details