{"product_id":"လွမ်းလို့-ကျန်ရစ်ခဲ့မှာ-အားနာပါတယ်လေ","title":"လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာပါတယ်လေ-ငြိမ်းကျော်","description":"\u003cp\u003eဆရာ ငြိမ်းကျော်ရဲ့ “လွမ်းလို့ ကျန်ရစ်ခဲ့မှာကို အားနာပါတယ်လေ” ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးနောက် နားလည်လာတာတစ်ခုရှိတယ် —\u003c\/p\u003e\n\u003cp\u003eတချို့အချစ်တွေက လက်တွဲဖို့ မဟုတ်ဘူး၊\u003cbr\u003eတစ်ယောက်ကို တစ်ယောက် မထိခိုက်အောင် ဝေးဝေးနေဖို့ပဲ ဖြစ်တတ်တယ်ဆိုတာ။\u003c\/p\u003e\n\u003cp\u003eစည်းထိန်းတဲ့ ယောက်ကျားတစ်ယောက်အနေနဲ့ သူ မကျော်သင့်တဲ့ စည်းကို မကျော်ခဲ့ဘူး။\u003c\/p\u003e\n\u003cp\u003eစည်းစောင့်တဲ့ မိန်းမတစ်ယောက်အနေနဲ့လည်း သူ မပေးသင့်တဲ့ အရာတွေကို မပေးခဲ့ဘူး။\u003c\/p\u003e\n\u003cp\u003eအပြင်ကလူတွေကြည့်ရင် “ဘာလို့ မကြိုးစားကြတာလဲ” လို့ မေးနိုင်ပေမယ့် \u003cbr\u003eတကယ်ချစ်တဲ့လူတွေကတော့\u003cbr\u003eတစ်ခါတစ်လေ နီးနေဖို့ထက် ဝေးနေဖို့ကိုပဲ ရွေးတတ်ကြတယ်။\u003c\/p\u003e\n\u003cp\u003eသူတို့ဆုံးဖြတ်ချက်က အမှားမဟုတ်ဘူး။\u003c\/p\u003e\n\u003cp\u003eအချစ်မရှိလို့ လွှတ်လိုက်တာ မဟုတ်ဘူး။\u003cbr\u003eပိုချစ်လို့၊ ပိုတန်ဖိုးထားလို့\u003cbr\u003eတစ်ယောက်ဘဝတစ်ယောက် မဖျက်ဆီးချင်လို့\u003cbr\u003eနောက်တစ်လှမ်းဆုတ်လိုက်ကြတာပဲ။\u003c\/p\u003e\n\u003cp\u003eတချို့အချစ်တွေက\u003cbr\u003eပိုင်ဆိုင်ခြင်းနဲ့ မပြီးဘူး။\u003cbr\u003eနားလည်ပေးခြင်း၊ စည်းစောင့်ပေးခြင်း၊\u003cbr\u003eတစ်ယောက်အနာဂတ်ကို တစ်ယောက် မဖျက်ဆီးခြင်းနဲ့\u003cbr\u003eပြီးဆုံးသွားတတ်တယ်။\u003c\/p\u003e\n\u003cp\u003eဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က နာကျင်စရာကောင်းပေမယ့်\u003cbr\u003eမှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ထင်မိတယ်။\u003cbr\u003e#khunecho\u003c\/p\u003e","brand":"Myanmar Book USA","offers":[{"title":"Default Title","offer_id":47476705624294,"sku":null,"price":17.99,"currency_code":"USD","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0777\/4627\/4534\/files\/DD13A4B1-66B9-4DB5-940C-7A7AAD08144D.png?v=1774297183","url":"https:\/\/myanmarbookusa.com\/products\/%e1%80%9c%e1%80%bd%e1%80%99%e1%80%ba%e1%80%b8%e1%80%9c%e1%80%ad%e1%80%af%e1%80%b7-%e1%80%80%e1%80%bb%e1%80%94%e1%80%ba%e1%80%9b%e1%80%85%e1%80%ba%e1%80%81%e1%80%b2%e1%80%b7%e1%80%99%e1%80%be%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%95%e1%80%ab%e1%80%90%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1","provider":"Myanmar Book USA","version":"1.0","type":"link"}