{"title":"ခင်ခင်ထူး","description":"","products":[{"product_id":"မအိမ်ကံ","title":"မအိမ်ကံ-ခင်ခင်ထူး","description":"\u003cp\u003eရွှေအမြုတေမဂ္ဂဇင်းတွင် (၃၆)လတိုင်တိုင် အခန်းဆက်ဝတ္ထုရှည်အဖြစ် ရေးသားဖော်ပြခဲ့သော လုံးချင်းဝတ္ထုဖြစ်ပါသည်။\u003c\/p\u003e\n\u003cp\u003eယခုစာအုပ်တွင် မြန်မာမိန်းကလေးများ၏ ကိုယ်ကျင့်တရားနှင့် ရွာဓလေ့ ရပ်ဓလေ့ကို မြတ်နိုးလေးစား တန်ဖိုးထားတတ်သော စိတ်နှလုံး၊ မြန်မာကျေးတောသဘာဝများနှင့် ကျေးတောနေ တောသူတောင်သားများ၏ စိတ်နေသဘောထားကို ဖွဲ့နွဲ့ဖော်ပြထားပါသည်။\u003c\/p\u003e\n\u003cp\u003eဖက်စိမ်းကွမ်းတောင် (သို့မဟုတ်) မြဖက်ကွမ်းတောင် (သို့မဟုတ်) မြစိမ်းကွမ်းတောင်ဆိုသည့် ကွမ်းတောင်ကို ကိုင်ရသည့် မြန်မာမိန်းကလေးတို့တွင် ပြည့်စုံရသော အရည်အချင်းများသည် ရွာ့စံပြမိန်းကလေး (တစ်နည်း) ရွာ့ကျက်သရေဖြစ်ပါ၏။ ငှက်ပျောဖက်ရွက်ကွမ်းတောင်သည် ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်၊ ကျောက်စီကွမ်းတောင်များထက် ပိုမို၍တန်ဖိုးထားခြင်းခံရသဖြင့် ဖက်စိမ်းကွမ်းတောင်ကိုင်ဘဝသည် ရှေးခေတ်မိန်းမပျိုများအဖို့ရာ တန်ဖိုးအားဖြင့် မက်စက်သော ကိုယ်ကျင့်တရား ဖြစ်ပါ၏။ ရပ်ရွာက ရွေးချယ်သည့် ကွမ်းတောင်ကိုင်ဆိုသော ဆုလာဘ်ကို တပ်မက်သလို အများက သတ်မှတ်ထားသော စည်းစံနှင့်အညီ ရိုးရိုးသားသား စင်စင်ကြယ်ကြယ် စောင့်စည်းခဲ့ကြသည်လည်း ချစ်စရာလူမှုဓလေ့ကောင်းဖြစ်၏။\u003c\/p\u003e\n\u003cp\u003eယခုစာအုပ်သည် အစစအရာရာပြည့်စုံသော်လည်း ကွမ်းတောင်ကိုင်ဖြစ်ချင်လှသော ၊ ကွမ်းတောင်ကိုင်ဘဝကို မက်စက်ခဲ့ရှာသူ မိန်းမချော တစ်ယောက်၏ ဘဝဇာတ်လမ်းဖြစ်ပါသည်။\u003c\/p\u003e","brand":"Khin Khin Htoo","offers":[{"title":"Default Title","offer_id":47060094288102,"sku":null,"price":28.99,"currency_code":"USD","in_stock":true}],"thumbnail_url":"\/\/cdn.shopify.com\/s\/files\/1\/0777\/4627\/4534\/files\/maeainkan.jpg?v=1766720986"}],"url":"https:\/\/myanmarbookusa.com\/collections\/%e1%80%81%e1%80%84%e1%80%ba%e1%80%81%e1%80%84%e1%80%ba%e1%80%91%e1%80%b0%e1%80%b8.oembed","provider":"Myanmar Book USA","version":"1.0","type":"link"}